နယ်ရုံးများ၏သတင်းများ

Aug 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီ အချိန်က နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Aug 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁) နာရီအချိန်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် စာအုပ်စာစောင်ပြပွဲနှင့် အရုပ် ဆက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ညောင်ဦး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ ယနေ့မွန်းလွဲ ၂ နာရီအချိန်က နယ်လှည့်ကွင်းဆင်းဟော ပြောပွဲအား ညောင်ဦးမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ၌ ဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃)တို့က ယနေ့မွန်းလွဲ (၁)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်  နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များကို ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်က ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
Aug 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။