ကြည့်မြင်တိုင် စက်တင်ဘာ ၁၂
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာရေးဆရာမပေါက်ပေါက်နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် စာရေးဆရာမပေါက်ပေါက်က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုအများဆုံးနိုင်ငံများအကြောင်းနှင့် လက်ရှိလူကုန်ကူးခံရမှု အခြေအနေများအကြောင်းတို့ကို အသိပညာရရှိဖွယ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါလူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကို ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)