လိပ်သို စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်း သူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လာရောက်ငှားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်ကကလေးငယ်များကို ကလေးစာပေနှင့်သက်ဆိုင်သော ရွှေသွေးဂျာနယ်၊ ကာတွန်းရုပ်ပြများကို ငှားရမ်းပေးပြီး ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂ နွေတစ်ရက်နှင့် အစိုးရရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှါးရမ်းပေးရာ စာအုပ်များကို နေ့စဉ်လာ ရောက်အပ်နှံကြရန်၊ စာအုပ်ကို ရိုရိုသေသေ ကိုင်တွယ်ဖတ်ရှုရန် ပြောပြားပြီး ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက တစ်နေ့လျှင် (၁၅) ဦးခန့် လာရောက်ငှားရမ်းကြောင်း ကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးထံက သိရသည်။
စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးသည့်အပြင် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူ အရုပ်ခေါက်ခြင်း၊ စာအုပ်များမိတ်ဆက်ခြင်း စသည့်အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှ တစ်ဆင့် တင်ဆက်ပေးသည့် လုပ်ငန်းများကိုလည်း လစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)