ပျော်ဘွယ် စက်တင်ဘာ ၁၂
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်ရုံးလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက အခမ်းအနားမှူးကောင်းတစ်ယောက်တွင်ရှိရမည့် အရည်အချင်းများ၊ အသုံးအနှုန်းဝေါဟာရများ မှန်ကန်စွာသုံးစွဲပြောဆိုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် အခမ်းအနားအမျိုးမျိုးအတွက်ပန်ကြားခြင်း၊ အဖွင့်ကြေညာခြင်း၊ အပိတ်ကြေညာခြင်း၊ သတိထားရမည့်ဝါစဉ်များ စသည်တို့ကိုရှင်းလင်းပို့ချသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အခမ်းအနားမှူး တစ်ဦးတွင်ရှိရမည့် အပြင်အဆင်များ၊ အစီအစဉ်ရေးဆွဲနည်းများ၊ အစီအစဉ်ပြောင်းလဲမှုများအပေါ် လိုက်လျောညီထွေစွာပြောင်းလဲစီစဉ်တတ်မှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းကို စာတွေလက်တွေ့ဖြင့်(၂)ရက်ကြာဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာမ(၂၁)ဦး တက်ရောက်ကြောင်းသိရ သည်။
မင်းမင်းထွေး(ပျော်ဘွယ်)