လိပ်သိုမြို့  ပြည်သူ့စာကြည့်တိုက်တွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အသိပညာပေးနံရံကပ်စာစောင်ပြသ

လိပ်သို စက်တင်ဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်“ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်”  အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့နံနက် ၁၀  နာရီအချိန်ကပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ၁၉ ရာစုနောက်ပိုင်းတွေ့ရသော မူးယစ်၊ မူးယစ်ဆေး၏ ဆိုးကျိုးများ၊ (အန္တရာယ်များ)၊ တစ်ဖွာတစ်ရှိုက် လွယ်မလိုက်နှင့် (ကဗျာ) ကာတွန်းပုံ၊ ဘိန်းနွံထဲက ငိုရှိုက်သံ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက် လက်ချင်းယှက်၊ လှပဘ၀ မူးယစ်ကင်းမှစသည့် အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်း သူ လူငယ်လေးများ အသိပညာဗဟုသုတရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)