နယ်ရုံးများ၏သတင်းများ

Sep 08,2022
သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများ၌ အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀) နှစ်အထိ အမျိုးသမီးငယ်များကို မြို့နယ်အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ (ဒုတိယအကြိမ်) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ​​​ယ​နေ့နံနက်ပိုင်းက စက်တင်ဘာ(၁၃)ရက်​နေ့တွင် ကျ​ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး​နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေးအတွက် အသိပညာပေး Talk Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ ကျောင်းသား/သူများ ညဏ်ရည်ညဏ်သွေးဖွံ့ဖြိုးတိုး တက်စေရန်နှင့်စာဖက်စွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ကာ လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်  မူလတန်းအဆင့်ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီကလူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမက ၁ ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Sep 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း အချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Sep 08,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်   စိတ်ဓာတ်ရေးရာ၊   စာရိတ္တရေးရာမြင့်မားတိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသု တများ  တိုးပွားရရှိစေရန်နှင့် ပတ်ဝန်းကျင်ရှိ သန့်ရှင်းသော လေထုနေ့ဖြစ်ပေါ်လာပုံတို့ကိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့်  မြဝတီခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေးခြင်းနှင့်  သန့်ရှင်းသော လေထုအကြောင်းအသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊မြဝတီမြို့အမှတ်(၄) အခြေခံပညာ အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။