ကျောက်ဆည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ သတိုးနွယ်ရေးသားထားသည့် "သူတို့ဘာကြောင့် အောင်မြင်သွားကြတာလဲ" စာအုပ်အား ယနေ့နံနက် (၉) နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “သူတို့ဘာကြောင့်အောင်မြင်သွားကြတာလဲ”စာအုပ်တွင်ပါရှိသာ ဆင်တွေသွားတဲ့လမ်း ပန်းတိုင်ကိုရင်ဘတ်ထဲပို့သူ၊ လိုအပ်ချက်ကိုအထပ်ထပ်ဖြည့်သူ၊ စနစ်တကျလုပ် ဆောင်သူ၊ ကံ၊ဉာဏ်၊ဝီရိယကို ပုံဖော်သူစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က “အမြဲသွေးနေတဲ့ ဓားတစ်ချောင်း”၊ “ဆင်ကန်းတောမထိုးသူ” အကြောင်းအရာများနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက “ပရဟိတနှလုံးသားပိုင်ရှင်”၊ “အောင်မြင်မှုရဲ့သင်္ကေတ” စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)