Aug 12,2022
ယနေ့အချိန်ကာလတွင် ပလပ်စတစ်သုံးစွဲမှုသည် ရေမြေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်များကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် ပလပ်စတစ်သုံးစွဲမှု လျော့ချစေရေးအတွက် “ ပလပ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးဆွေးနွေးပွဲ” ကို ယနေ့နံနက် (၁၀)နာရီအချိန် က လူထုအခြေပြုဗဟိုဌာန Community Centre (Lashio) ရှိ ဘက်စုံသုံးခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့သည်။