နယ်ရုံးများ၏သတင်းများ

Sep 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာပေချစ်မြတ် နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Sep 12,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့  အမှတ်(၃)ရပ်ကွက် မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။
Sep 12,2022
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့်ဓာတ်ပုံပြပွဲအခမ်းအနားအား ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ယမန်နေ့မွန်းလွဲပိုင်းက ပုလုံးတုံတုံးကျေးရွာ၊  အထက(ခွဲ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Sep 12,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မူလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြစ် နယ်လှည့် စာကြည့် တိုက်စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီက မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
Sep 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၉)နာရီ အချိန်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ကို We Love Karli Facebook Pageတွင် Online မှ တစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လွှင့်တင်ဆောင်ရွက်ပြသပေးခဲ့ကြောင်း သိရသည်။