Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးဦးစီးပြီး ကလေးများကို စာရေးဆရာ ဖြိုးသာရရေးသားသော"ကလေးများအတွက် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။