နယ်ရုံးများ၏သတင်းများ

Sep 24,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေး အတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့အဝင်မင်္ဂလာမုဒ်ဦးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊  မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ  ၂  နာရီအချိန်က ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ကျောက်မဲခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန် အကြောင်း   အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၊  အခြေခံပညာအထက်တန်းကျောင်း၏  ပထမအကြိမ် ဆို−က−ရေး−တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Sep 23,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
Sep 23,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့် စာအုပ်စာပေချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(၄)၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့်   ပြည်နယ်သမဝါယမစီးဌာနသို့  အခမဲ့စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 23,2022
ကျောင်းသား/သူလေးများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။