Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့်အလေ့ အကျင့်ကောင်းများဖြစ်လာစေရန်နှင့် စာအုပ်စာပေများကိုချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက်(Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ-ထ-က(ခွဲ-၂) ဘားအံ၊ ပြည်နယ် သစ်ထုတ်လုပ်ရေးနှင့် ခရိုင်ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာနသို့ စာအုပ်စာစောင်များ အခမဲ့သွားရောက် ငှားရမ်းပေးခဲ့သည်။