ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးခြင်းများဆောင်ရွက်

ဟားခါး စက်တင်ဘာ ၈

ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကို ဦးဆောင်ဆောင်၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး Mask Campaign နှင့် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ Mask Campaign နှင့် အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်ဆွေ၊ ဒေါက်တာပိုင်ကိုလင်းနှင့် ဝန်ထမ်းများက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအနီးရှိ လမ်းသွား၊ လမ်းလာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပြီး အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေး အသိပညာပေးနိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။

ယနေ့ပြုလုပ်သည့် Mask Campaign တွင် Mask ( ၂၀၀၀ ) အခမဲ့ ဖြန့်ဝေခဲ့ကြောင်းနှင့် Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တက်လမ်း