နယ်ရုံးများ၏သတင်းများ

Sep 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမက ၁ ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Sep 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း အချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Sep 08,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်   စိတ်ဓာတ်ရေးရာ၊   စာရိတ္တရေးရာမြင့်မားတိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသု တများ  တိုးပွားရရှိစေရန်နှင့် ပတ်ဝန်းကျင်ရှိ သန့်ရှင်းသော လေထုနေ့ဖြစ်ပေါ်လာပုံတို့ကိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့်  မြဝတီခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေးခြင်းနှင့်  သန့်ရှင်းသော လေထုအကြောင်းအသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊မြဝတီမြို့အမှတ်(၄) အခြေခံပညာ အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 
Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်အမှတ်(၃)၊ အောင်ဇေယျရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး ခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၇ နာရီအချိန် Mask Campaign ပြုလုပ်ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ကစာအုပ်/စာစောင်ပြပွဲဆောင်ရွက်ပြီးစာအုပ်များ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာဈေး၌ ယနေ့နံနက် ၇နာရီအချိန်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်း Mask စနစ်တကျတပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ညာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်  ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။