မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်

မက်မန်း စက်တင်ဘာလ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာအုပ်/စာစောင် ငှားရမ်းပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာများနှင့် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကာ၊ သုတ၊ ရသစာအုပ်စာစောင်များပြသခြင်း၊ ငှားရမ်းခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများအသိပညာဗဟု သုတတိုးပွားစေရန် ရည်ရွယ်ကာ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့်သင်တန်းများ စသည့် အသိပညာပေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)