ကျိုင်းလပ် စက်တင်ဘာ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရုံး စာကြည့်တိုက်နှင့် ဝေးကွာနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတိုးပွားရရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းပေးရာတွင် စာဖတ်လိုသူများ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသ၊ ဝတ္ထု၊ ရုပ်ပြ၊ မဂ္ဂဇင်း စာအုပ်မျိုးစုံအား Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ကျေးရွာများသို့ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပတ်စဉ် သွားရောက်လဲလှယ် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေဇင်ဦး (ပြန်/ဆက်)