တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းများဆောင်ရွက်

တွန်းဇံ စက်တင်ဘာ ၈

ချင်းပြည်နယ် တွန်းဇံမြို့ ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဈေးတန်းတို့၌ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များပူးပေါင်း၍ Mask ၁၅၀ ခန့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အသိပညာပေးနိုးဆော်ခြင်းကို ဇူလိုင်လ တတိယပတ်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများသိရှိလိုက်နာနိုင်ရန် မီးသတ်မျှော်စင်နှင့် တောင်တန်းသာသနာရေးပြု ဘုန်းတော်ကြီးကျောင်းတို့မှတဆင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်သစ် BA-4 နှင့် BA-5 ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်ပွားလျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက Mask ကိုစနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန် စသည့် ကိုဗစ်-၁၉ ဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များ ဆက်လက်လိုက်နာကြရန် နေ့စဉ်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)