နယ်ရုံးများ၏သတင်းများ

Sep 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှုတစ်ရပ်အနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့်စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေနေ့လယ်(၁၂) နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွား ရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Sep 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Sep 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်သူများ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Sep 26,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀)နာရီက သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Sep 26,2022
ကျောင်းသား/သူများ စာပေဗဟုသုတရှာမှီးတတ်စေရန်၊ စာပေဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေ၏အကျိုးကျေးဇူးများကို ဆွေးနွေးတတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြု၍ စာပေလေ့လာဖတ်ရှုတတ်စေရန်၊ စာဖတ်ရှိန်များမြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မောင်ခင်မင်(ဓနုဖြူ)၏"အမွေခံတစ်ယောက်၊ အမွေပေးသူတစ်ရာ"အမည်ရှိလူငယ်နှင့်ပညာဆိုင်ရာစာစုစာအုပ်မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကူးမြို့ အခြေခံပညာအထက်ကျောင်းတို့ ပူးပေါင်းကျင်းပသော ပုံပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 26,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံး Community Centre ခန်းမတွင် ပင်လယ်ရေသတ္တဝါမွေးမြူရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။