Sep 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။