လယ်ဝေး စက်တင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက် (၁၀) နာရီက လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးရာတွင် အသုံးပြုသည့်နည်းလမ်းများနှင့် ဘယ်လိုလူမျိုးတွေက လူကုန်ကူးမှုခံရနိုင်ခြေ အများဆုံးလဲဆိုတာ စသည်တို့ကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)