လိပ်သို စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် Online Talk Show အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်ကကိုဗစ်-၁၉ရောဂါကာလအတွင်း ပြည်သူများ Online မှ အသိပညာ ဗဟု သုတရရှိစေရန်ရည်ရွယ်ကာ Talk Show ပညာပေးအစီအစဉ်များ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် Talk Show အစီအစဉ်ပြုလုပ်ရာ လိပ်သိုမြို့အခြေခံပညာအထက်တန်း ကျောင်းမှဆရာမ ဒေါ်ခင်စန္ဒာကျော်က “ ကမ္ဘာနိုင်ငံအများအပြားတွင် လူတိုင်းစာတတ်၊ စာဖတ်စေရန် စာမတတ်သူပပျောက်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ အသိဉာဏ်ရလိုပါက စာတတ်မြောက်ရမည်၊ စာဖတ်ရမည်၊ စာမတတ်သောသူ၊ စာမဖတ်သောသူသည် အသိပညာဗဟုသုတမရရှိနိုင်၍ အကန်းနှင့်တူပါကြောင်း၊ ထို့ကြောင့် လူသားအားလုံး စာတတ်မြောက်ရန် လိုအပ်ပါကြောင်း၊ တိုးတက်ခေတ်မီသော နိုင်ငံတော်ကြီးဖြစ်လာစေရန် ပညာခေတ်တွင် လူတိုင်းစာတတ်မြောက်ရမည် ၊ အသိပညာ အတတ် ပညာများအပေါ် ပဲ့ကိုင်မောင်းနှင်နိုင်သော လူသားစွမ်းရည်များ မြင့်မားသည့် နိုင်ငံတော် ကြီးဖြစ်စေရန်အတွက် လူတိုင်းစာတတ်မြောက်ရန်လိုအပ်သကဲ့သို့ စာဖတ်ကြရန် လည်း လိုအပ်ပါကြောင်း” ဟောပြောဆွေးနွေးခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိ ပညာဗဟဟုသုတ တိုးပွားလာစေရန်အတွက် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်နှင့် အခြားအသိပညာ ပေးလုပ်ငန်းများကို လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် Page များတွင်လည်း Online မှ တစ် ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)