နယ်ရုံးများ၏သတင်းများ

Sep 28,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Pageတွင် တင်ဆက်ပေးလျက်ရှိသည်။
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီ အချိန်က လားရှိုးမြို့ Green Light ကိုယ်ပိုင်အလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ/ကျောင်းသား လူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် မိမိတို့ဖတ်ရှုထားသော စာပေဗဟုသုတများကို ပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်း၊ ​အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ်(၂၅) အခြေခံပညာအထက်တန်းကျာင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်) ၏ စာပေခရီးအတွေ့အကြုံ အကြောင်းဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၁) နာရီက “ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Sep 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယ ဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Sep 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှုတစ်ရပ်အနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့်စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေနေ့လယ်(၁၂) နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွား ရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။