နယ်ရုံးများ၏သတင်းများ

Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများနှင့် စာဖတ်ပရိတ်သတ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီကအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Sep 09,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယ​မန်နေ့မွန်းလွဲ(၁:၀၀)နာရီက စက်တင်ဘာ(၈)ရက်​နေ့တွင်ကျ​ရောက်သည့် နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ်အဖြစ် Talk Show  ပြုလုပ်‌ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို
Sep 09,2022
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကျဆုံးသော အခန်းကဏ္ဍသည် စာပေ တတ်မြောက်ခြင်းပင် ဖြစ်သည်။ စာတတ်မြောက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ စာပေထူးချွန်သည့် သားကောင်းရတနာ မျိုးဆက်သစ် အနာဂတ် လူငယ်များ ပေါ်ထွန်းလာစေရန် အတွက် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ယမန်နေ့က (၅၆)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဖြင့် ဟောပြောပွဲနှင့် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။
Sep 09,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Sep 09,2022
စက်တင်ဘာလ(၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) တို့ပူးပေါင်း၍ နိုင်ငံ တကာစာတတ်မြောက်ရေးနေ့  အထိမ်းအမှတ်အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Sep 09,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။