နယ်ရုံးများ၏သတင်းများ

Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
Sep 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယနေ့ နံနက် ၁၁ နာရီက  စာ​​ရေးဆရာ မြတ်ဌေး(ပေါက်လေ) ရေးသားပြုစုသည် "ပျိုးခင်းသစ် ကလေးကဗျာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။                                                
Sep 07,2022
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့မှာ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကို တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ နယ်၊ အထက-တနင်္သာရီကျောင်း (Grade- 11)ခန်းအတွင်း ယနေ့နံနက် ၉နာရီမှ ၁၀နာရီအထိ ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 
Sep 07,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆူနာမီဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မလာရောက်နိုင်သော စာပေဖတ်ရှုလိုသူများထံသို့(Mobile) ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ငှားရမ်းပေးခဲ့ကြသည်။
Sep 07,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က (သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။