နယ်ရုံးများ၏သတင်းများ

Sep 26,2022
ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   ရှမ်းရွာသစ်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် မျိုးကွဲ B.4 , B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Sep 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူး ပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့် “ပညာနှင့်ကန်တေ့ာခြင်း ’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်- ၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Sep 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 24,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပြည်သူများအတွက် ညောင်ဦးမြို့နယ်၊ အမှတ်(၄၁၅) ခြေမြန်တပ်ရင်းမိသားစုမှ စားသောက်ကုန် ပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၃) ရပ်ကွက် မဏိစည်သူဈေး၊ ဈေးခေါင်းရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
Sep 24,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် က​​လေးလုပ်သားပ​ပျောက်​ရေး အသိပညာ‌ပေး(Talk Show)ကို ယမန်နေ့ ည​နေ၄နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
Sep 24,2022
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ) အတွက် မိုင်းစံမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခဲ့ကြောင်း သိရှိရပါတယ်၊၊
Sep 24,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ ဗိုလ်တေဇ၌ ဆောင်ရွက်ခဲ့သည်။