နယ်ရုံးများ၏သတင်းများ

Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေး(Talk Show)ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အမျိုးသားအောင်ပွဲအကြောင်းသိကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 10,2022
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပပံတန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 10,2022
ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင်ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့်ပူးပေါင်း၍ (၁၀၂)မြောက်အမျိုးသားနေ့အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Nov 10,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့အကြို စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် အမှတ် (၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။‌
Nov 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသာအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ် စာစောင်ဓာတ်ပုံပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။