နယ်ရုံးများ၏သတင်းများ

Nov 11,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရွှေကြာအင်း (၁) ရပ်ကွက်ရှိ အမှတ် (၉၁) အခြေခံပညာမူလတန်းလွန်ကျောင်း (မြို့ဦး) တွင် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Nov 11,2022
၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ယနေ့  မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 11,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကို  ကျင်းပပြုလုပ်ခဲ့သည်။ 
Nov 11,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ယနေ့နံနက် ၉ နာရီအချိန်က ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကလေးလူငယ်ဘ၀ ကာယဉာဏဖွံ့ဖြိုးရေးပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Nov 11,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်စစ်တုရင်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 11,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် (၁၀၂)မြောက် အမျိုးသား​အောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Nov 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၊ SMU ခန်းမ၌ သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဆောင်းသီးနှံ၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရန် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။