ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အမျိုးသားအောင်ပွဲအကြောင်းသိကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့အတွင်းရေးမှူး ကျောင်းဆရာမအငြိမ်းစားဆရာမဒေါ်ပြုံးပြုံးတို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် Talk Show အစီအစဉ်များ ဆောင်ရွက်ကာ Online မှတစ်ဆင့် အသိပညာပေး ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ အများပြည်သူများနှင့် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း ပြည်သူများအား သုတ၊ ရသစာအုပ်မျိုးစုံကို ငှားရမ်းကာဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)