နယ်ရုံးများ၏သတင်းများ

Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီက ဒို့ကျေးရွာဂျာနယ်မှ" ကင်ဆာရောဂါဆိုင်ရာ သိကောင်းစရာ" ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့သည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားနေ့အကြို အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Nov 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉) နာရီက အခြေခံပညာမူလတန်းကျောင်း၊ လွိုင်ချိုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိတိုးပွားစေရန် Online မှတဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် (BookClub) အဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး အန္တရာယ်တာဆီး ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ကြောင်း သိရသည်။
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မီးသတ်ဦးစီးဌာန၊ အ.မ.က(ကြာဖူးငုံ)နှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။