နယ်ရုံးများ၏သတင်းများ

Nov 11,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက် ပြိုင်ပွဲကျင်းပခဲ့သည်။
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ပဲခူးတိုင်း‌ဒေသကြီးမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
Nov 11,2022
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ပညာရေးမှူးရုံးနှင့် သမဝါယမဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းခဲ့ကြသည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးသူမြင့်ထွန်း ရေးသားထားသော “ကမ္ဘာကျော်သူတွေရဲ့ ကမ္ဘာကျော်ရတဲ့ အကြောင်းတွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Nov 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ယမန်နေ့နေ့လည် ၂ နာရီအချိန်က စာပေချစ်သူများ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် စာအုပ်စာပေများကို ဖတ်ရှုလေ့လာချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိသည့် စာပေဝါသနာရှင်များ အဆင်ပြေစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းအနေဖြင့် စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ပြည်သူများ၏လက်ဝယ်အရောက် အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ‌ရေးဌာနနှင့် စာသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်း သားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို အ.မ.က သပြေစမ်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထာဝးယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွာရေး တစ်ခုအဖြစ် အဓိကထားပြီး လုပ်ကိုင်ကြရာ ယခုအခါတွင် သံပုယိုသီးအပင်များကို တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်  မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။