လက်ပံတန်း နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပပံတန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လက်ပံတန်းမြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်အေးအေးသန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ညိုက သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ ချိတ်ဆက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး လက်ပံတန်းမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)