နယ်ရုံးများ၏သတင်းများ

Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (တန်ဆောင်မုန်းလဆုတ်၁၀ရက်နေ့)တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယ‌မန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Nov 10,2022
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ်ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာဆိပ်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။
Nov 10,2022
ဗန်းမော်ခရိုင် ဗန်းမော်မြို့ ခရိုင်ကျေးလက်ဒေဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော  နေရာဒေသ    စံပြကျေးရွာ  ပြိုင်ပွဲဝင်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲခန့်က ကျင်းပခဲ့သည်။
Nov 10,2022
ကျောင်းသား/ကျောင်းသူကလေးငယ်များ အပြောအဆိုစွမ်းရည်များ မြင့်မားတိုးတက်လာ‌စေရေး၊ စာဖတ်စွမ်းရည်များ စာပေလေ့လာရေးသားခြင်းစွမ်းရည်များ မြင့်မားတိုးတက်လာ‌စေရန်စသည့် ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၀ နာရီက‌ မန္တလေးအောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့်‌  ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများကျင်းပပြုလုပ်သည်။
Nov 09,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပသည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။