ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မင်္ဂလာဒုံ နိုဝင်ဘာ ၁၀

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်က အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြော ခဲ့ပြီး အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့က ဆေးရောင်ခြယ်၊ ကဗျာရွတ်၊ ပုံပြော၊စစ်တုရင်ထိုး၊ အင်္ဂလိပ်စကားလုံး ဆက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ခြင်း၊ စာအုပ်ပြပွဲတွင်လည်း ဖတ်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ကြကာ စာအုပ်များ ငှားရမ်းခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား အအေးနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)