သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေး(Talk Show)ပြုလုပ်

သံဖြူဇရပ် နိုဝင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေး(Talk Show)ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးသီက ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ အ.လ.က(ခွဲ)အောင်ဇေယျတိုးချဲ့ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမော်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်  အမျိုးသားအောင်ပွဲနေ့ရောက်တိုင်း စာသင်ကျောင်းများအားလုံး၌ ဟောပြောပွဲများနှင့် ပြိုင်ပွဲအခမ်းအနားများကို ကျင်းပလျက်ရှိကြောင်း ထို့ကြောင့်ဝံသာနုစိတ်ဓာတ်ကို သန္ဓေတည်ခဲ့သော အမျိုးသားနေ့ကို မမေ့သင့်ကြောင်း ဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူအသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)