ရွှေပြည်သာ နိုဝင်ဘာ ၁၀
ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင်ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့်ပူးပေါင်း၍ (၁၀၂)မြောက်အမျိုးသားနေ့အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးချိုဝင်း ချိုပန်းချီ(ပညာရေး)တို့က အမျိုးသားနေ့အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၁၅)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက စာစီစာကုံး၊ ကဗျာနှင့်ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရကျောင်းသား/သူများအား မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမရည်မွန်(ကျုံပျော်)၊ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် တက်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း ( ရွှေပြည်သာ)