နယ်ရုံးများ၏သတင်းများ

Oct 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာလ (၁၂)ရက်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ရေး အသိပညာပေး Talk  Show ကို ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Oct 15,2022
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေ ဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အ​ခြေခံကွန်ပျူတာ သင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း​ သိရသည်။
Oct 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာပြန့်ပွား ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွင်ခြင်း၊ မိမိဌာနအတွင်းရှိ ဝန်ထမ်းများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ဌာနတွင်းစာဖတ်ဝိုင်များ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Cemtre ခန်းမတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Oct 15,2022
ကျောင်းသူကျောင်းသားများ  ကျောင်းပိတ်ရက်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ ကာယဥာဏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက်၌  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများကို ယမန်နေ့နံနက်၁၁နာရီ အချိန်၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 15,2022
ကျောင်းသူကျောင်းသားများ  ကျောင်းပိတ်ရက်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ ကာယဥာဏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက်၌  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများကို ယမန်နေ့နံနက်၁၁နာရီ အချိန်၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 15,2022
သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကို ချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေ ပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။