နယ်ရုံးများ၏သတင်းများ

Nov 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် တနိုင်းမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်ရှိမဲရုံများအား ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူ စပိန်နိုင်ငံသား Mr. Ignacio Refugees Perello သည် မြန်မာစကားပြန် ဒေါ်ပြုံးဆုပိုင်နှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန့်တွင် ရောက်ရှိပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းနှင့် တွေ့ဆုံ ခဲ့သည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ''ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးပါ''နှင့် ''သင်၏ဆန္ဒမဲကိုလျှို့ဝှက် ထားပါ'' လက်ကမ်းစ ာစောင်များကို ယနေ့ မနက်(၁၀) နာရီတွင် မြို့မဈေးနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
Nov 05,2020
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုး တိုးတက် ရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပြီးခဲ့သော လုပ်ငန်းများနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့်အဖွဲ့သည် ယမန်နေ့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးထံမှ သိရသည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ အမာမြို့တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်ကဖြန့်ဝေပေးခဲ့သည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၈ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မြို့ပေါ်ရပ်ကွက်တွင်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအတွက် အဆင်ပြေစေရန် မြို့ပေါ်ရပ်ကွက်(၃)ခုတွင် နေထိုင်ကြသော ပြည်သူများအား လပွတ္တာမှ ဦးသက်စိုးထိုက်+ဒေါ်နှင်းဝေဦးတို့မှ မတည်ငွေကျပ်သိန်း(၃၀)နှင့် အလှူရှင်များက ယမန်နေ့ညနေ (၃)နာရီအချိန်က လှူဒါန်းခဲ့ကြောင်းသိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက မဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် လပွတ္တာမြို့နယ်ရဲစခန်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။