နယ်ရုံးများ၏သတင်းများ

Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများနှင့်နာမကျန်းသူများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက် မပေးနိုင်သူများထံသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တို့က အိမ်‌တိုင်ရာရောက်သွား‌ရောက် ကာ လွယ်လင့်တကူကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်ဆန္ဒမဲများလိုက်လံကောက်ယူခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ နိုဝင်ဘာလ၄ရက်နေ့က လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်ကာ မီးဘေးသင့်ခဲ့သည့ ်အိမ်ထောင်စုသုံးစုနှင့် ပျက်စီးအိမ်ထောင်စုနှစ်စုအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့သည့်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၅ နာရီတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။
Nov 06,2020
ငွေဆောင် မြို့အထွေထွေအုပ်အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းသည် ယနေ့ နံနက် (၈)နာရီချိနတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်ငွေဆောင် မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ(၂၉)ရက်နေ့မှ စတင်၍ ပြင်စလူမြို့အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒများပေးလျှက်ရှိကြောင်း သိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်သမဝါယမအသင်းစုလီမီတတ်မှ သမဝါယမ အသင်းသားများ စိုက်ပျိုးထားသောစပါးများကို ယမန်နေ့ နံနက်ပိုင်းမှစပြီး ကြံခင်းမြို့ရွှေပြည်ဝင်း ဆန်စက်ဝန်းအတွင်း သမဝါယမစပါးအဝယ်ဒိုင်တွင် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
Nov 06,2020
မြန်အောင်မြို့နယ်အတွင်းရှိ Quarantine Center (၃)ခုတွင် Quarantine ဝင်ရောက်နေသူများအား ယမန်နေ့မှစ၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူပေးလျက်ရှိကြောင်းသိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့၏ ညွှန်ကြားချက်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပုသိမ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော လမ်းဘေးဆိုင်များ ၊အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊အလှ ပြင်ဆိုင်၊ စတိုးဆိုင်များကုန် ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများအား နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားပြီးဖြစ်သည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာမဲရုံများအလိုက် အိမ်တိုင်ရာရောက်ဖြင့် ယမန်နေ့တွင် လိုက်လံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။