နယ်ရုံးများ၏သတင်းများ

Oct 09,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနေဖြင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွါးမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ပြည်သူများ သိရှိနိုင် စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကိုလည်း ပြသထားလျက်ရှိကြောင်း သိရသည်။
Oct 09,2020
အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်‌နေ့ မွန်းလွဲ ၃ နာရီတွင် င်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ လန်တာ‌ကျေးရွာ၊‌ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့ကမ်းပြိုဘေးကြောင့်ကြို တင်ရွှေ့ပြောင်းခဲ့ရသော အိမ်‌‌ထောင်စုများနှင့် ကျွဲ‌သောင် ကျေးရွာအုပ်စု၊ ကျွဲသောင်‌ကျေးရွာမှ လေဘေးသင်အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 09,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ယခုညမထွက်ရအမိန့်ကို ၂၀၂၀ ပြည့်နှစ်(၁၅-၉-၂၀၂၀)မှ (၁၅-၁၁-၂၀၂၀)ရက်နေ့အထိ (၂)လကြာ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ် မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များသို့ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို ယနေ့ နံနက် ၈ နာရီတွင် လာရောက် ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပညာရေးမိသားစုတို့ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါ ပြည်သူ့ဆေးရုံကြီး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့် တိုက်အတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သမားတော်စိုင်းကျော်သီဟက ယမန်နေ့ မွန်လွဲပိုင်းက ငွေကျပ် ၄၂၉၀၀/- တန်ဖိုးရှိ စာအုပ် (၁၁)အုပ်ကို ပေးအပ် လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးအမ်းအင်းလမ်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
Oct 08,2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန သို့ ဒုတိယအသုတ်ဖြစ် သူနာပြုဆရာ/ ဆရာမ(၂၁)ဦးတို့က သွားရောက်အားဖြည့် တာဝန်ထမ်းဆောင် ကြမည်ဖြစ်ရာ ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
Oct 08,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ထံသို့ PPE ဝတ်စုံများနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်ူလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။