နယ်ရုံးများ၏သတင်းများ

Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယနေ့ နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့ ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက (၁)လမ်း ယာယီဈေးနှင့် ကညင်ဆိပ်ကျေးရွာတို့တွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 14,2020
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား “ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့ ”အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် မဲပေးခြင်းဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်က အသိပညာပေးပိုစတာနှင့် ရုပ်ပုံများ ပြသဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
Oct 12,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ များ သိရှိလိုက်နာနိုင်ရေး အတွက် UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ပြသပေး ထားကြောင်း သိရှိရသည်။
Oct 12,2020
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခန့်က မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
Oct 09,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်စေရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများအား အများပြည်သူပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် ရေစင်ကွင်းဈေး၊အမှတ် (၁) ဈေးနှင့် (၂)ဈေး အနီးရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်ခဲ့ကြသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။