ပြင်စလူမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း

ပြင်စလူ  နိုဝင်ဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မြို့ပေါ်ရပ်ကွက်တွင်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အဆင်ပြေစေရန် မြို့ပေါ်ရပ်ကွက်(၃)ခုတွင် နေထိုင်ကြသော ပြည်သူများအား လပွတ္တာမှ ဦးသက်စိုးထိုက်+ဒေါ်နှင်းဝေဦးတို့မှ မတည်ငွေကျပ်သိန်း(၃၀)နှင့် အလှူရှင်များက ယမန်နေ့ညနေ (၃)နာရီအချိန်က လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမူအား မင်္ဂလာသိဒ္ဓိကျောင်းတိုက်ဆရာတော် အရှင်အာနန္ဒာ ဦးဆောင်၍ နာမကျမ်း ကူညီရေးအဖွဲ့တို့မှ မြို့ပေါ် (၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၅၀)စုအအတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၁)ဘူး ၊ကြက်သွန်နီ (၅၀)ဆယ်သားတို့ကို လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

ဇင်ဖြိုးသူ(ပြန်/ဆက်)