နယ်ရုံးများ၏သတင်းများ

Nov 05,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင် (ကချင်ပြည်နယ်တာဝန်ခံ)နှင့် အဖွဲ့သည် ဝိုင်းမော်မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ (၄) ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေး နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ ကျေးရွာအုပ်စုအလိုက် မိုးစပါးစံကွက် အထွက်နှုန်း မှန်ကန်စေရေးအတွက် ယမန်နံနက်ပိုင်းတွင် ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစိးဌာနတို ့ပူးပေါင်းပြီ ဆုံလဲအုပ်စုနှင့် မဲကုန်းအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန် ဆန္ဒပြုမဲလက်မှတ်များကို ယမန်နေ့ နံနက်ပိုင်း မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ နှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူများက ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်းသိရ သည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ပေါ် (၃)ရပ်ကွက်ရှိ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံကြီး၌ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသောလူနာမှာ ရောဂါလက္ခဏာများသက်သာပျောက်ကင်း၍ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိကြောင်းသိရသည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ မြန်အောင်မြို့နယ်အတွင်းရှိ ရဲစခန်းများ တွင် အချုပ်ကျနေသူများအား ကြိုတင်ဆန္ဒမဲများပေးနိုင်ရန် ယနေ့နံနက်မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင် ၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးကိုကိုသူနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် စစ်ဆေးခဲ့ကြ‌ကြောင်း သိရှိရသည်။