ကျိုက်လတ် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ''ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးပါ''နှင့် ''သင်၏ဆန္ဒမဲကိုလျှို့ဝှက် ထားပါ'' လက်ကမ်းစ ာစောင်များကို ယနေ့ မနက်(၁၀) နာရီတွင် မြို့မဈေးနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ၂၀၂၀ ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးဖို့မမေ့ပါနဲ့ ၊ကိုဗစ်-၁၉ ကြောင့် သင်၏ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးပါစေနဲ့ ၊ ဆန္ဒမဲမပေးခင် သင်ကူညီ ဆောင်ရွက်နိုင်သည့် အချက်များ၊ မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် သင်ကူညီ ဆောင်ရွက်နိုင်သည့် အချက်များ၊ မဲပေးရမည့်နည်းလမ်းများ၊ မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း ၊ လက်ခံရယူခြင်း နှင့် ဆန္ဒမဲပေးခြင်း စသည့် ပြည်သူများဆန္ဒမဲပေးရာတွင် ဘေးကင်းလုံခြုံစွာ မဲပေးနိုင်မည့် နည်းလမ်းများ ပါဝင်ကြောင်းသိရသည်။
ရီရီမြင့်(ပြန်/ဆက်)