နယ်ရုံးများ၏သတင်းများ

Nov 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက်ဟ င်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။
Oct 29,2020
မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများတွင် အသုံးပြုမည့်မဲရုံသုံး ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက် ခဲ့သည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်း အမျိုးမျိုးကို ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းဆင်းပွဲကို အ.ထ.က ပညာရတာနာခန်းမ၌ ယနေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပသည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးဦးကိုကိုဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးဇော်မျိုးဌေးနှင့် တပ်ဖွဲ့ဝင်တာဝန်ရှိသူများက မအူပင်မြို့နယ် ရေလဲကလေးကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းဆောင် ွက်ခဲ့သည်။
Oct 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက် အထူးရဲများ တာဝန်ပေးနိုင်ရန် အထူးရဲသင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် တော်ပေါ်ဘုန်းကြီးကျောင်း ရာပြည့်ဗိမ္မာန်၌ ကျင်းပခဲ့သည်။