ပြင်စလူ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ(၂၉)ရက်နေ့မှ စတင်၍ ပြင်စလူမြို့အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒများပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ပြင်စလူမြို့ပေါ် ရပ်ကွက်များတွင် သက်ဆိုင်ရာ မဲရုံများသို့ ကြိုတင်ဆန္ဒမဲများပေးရန် လာရောက်နိုင်ခြင်းမရှိသော အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများ၊ မီးဖွားထားသောသူများနှင့် ကျန်းမာရေး မကောင်းသူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများ အိမ်တိုင်ရာရောက်လိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)