ငွေဆောင် နိုဝင်ဘာ ၆
ငွေဆောင် မြို့အထွေထွေအုပ်အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းသည် ယနေ့ နံနက် (၈)နာရီချိနတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ငွေဆောင်မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မဲရုံ(၅)ရုံ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တာဝန်ရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ငွေဆောင်မြို့၌ ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်း (၂၄၇၄၂)ဦးခန့်ရှိပြီး မဲရုံ(၂၃)ရုံလျာထား ဆောင်ရွက်ထားကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)