မြန်အောင် နိုဝင်ဘာ ၆
မြန်အောင်မြို့နယ်အတွင်းရှိ Quarantine Center (၃)ခုတွင် Quarantine ဝင်ရောက်နေသူများအား ယမန်နေ့မှစ၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူပေးလျက်ရှိကြောင်းသိရသည်။
မြန်အောင်မြို့နယ်အတွင်းရှိ အ.ထ.က(၁) မြန်အောင်၊ အ.ထ.က သပြေကုန်း၊ အ.ထ.က အင်ပင် Quarantine Center(၃)ခု တွင် Quarantine ဝင်ရောက်နေသူ (၃၅၀) ကျော်ရှိရာ Quarantine ဝင်ရောက် နေသူများအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက ကြိုတင်ဆန္ဒမဲများ ကောက်ယူပေးလျက်ရှိပြီး Quarantine Center တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)