ငပုတော နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ နိုဝင်ဘာလ၄ရက်နေ့က လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုသုံးစုနှင့် ပျက်စီးအိမ်ထောင်စုနှစ်စုအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့သည့်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၅ နာရီတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်တို့ကမီး ဘေးသင့်အိမ်ထောင်စုများမှ မိသားစုဝင်များအား အားပေးစကား ပြောကြား ပြီးနောက် မီးဘေးသင့် အိမ်ထောင်စုသုံးစုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ပစ္စည်း ၄ မျိုးနှင့် ပျက်စီးအိမ်ထောင်စုများအတွက် ထောက်ပံ့သည့်ပစ္စည်း ၂ မျိုးတို့ကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုများမှ မိသားစုဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်