ခိုင်ကမ်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကိုဗစ်-၁၉ ကာလအတွင်း ကလေးငယ်များအား မေတ္တာဖြင့်ပျိုးထောင်ခြင်းနှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ သိကောင်းစရာ Talk Showပြုလုပ်

ခိုင်ကမ်း နိုဝင်ဘာ ၁၇

ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူ ဗဟုသုတမျှဝေပေးနိုင်ရေးအတွက် Online မှတစ်ဆင့် ပုံပြင်များဖတ်ပြခြင်း၊ စက္ကူခေါက်နည်း အမျိုးမျိုးပြသခြင်းနှင့် ဗဟုသုတများ မျှဝေနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ Online Talk Show များ လစဉ်ပြုလုပ်ကာ Face book page များမှ ထုတ်လွှင့်ပြသလျက်ရှိသည်။

သို့ဖြစ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်  လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Social Actions For Communities Changes (SACC)ဖြင့် ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း မိဘများမှ ကလေးသူငယ်များအား မေတ္တာဖြင့်ပျိုးထောင်ခြင်း၏ ရလာဒ်များမျှဝေခြင်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဗဟုသုတများ သိကောင်းစရာ Talk Showပြုလုပ်ခဲ့သည်။

Talk Showတွင် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဦးပီတာငိုင်အွမ်းမှ ကိုဗစ်-၁၉ ကာလအတွင်း ကလေးငယ်များ အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အထူးပြုဆောင်ရွက်ခြင်းများနှင့် ကိုဗစ်-၁၉ ကာလအတွင်း ကလေးသူငယ် အကြမ်းဖက်မှု မဖြစ်စေရေးအတွက် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး SACC NGOအဖွဲ့မှ တာဝန်ရှိသူ ဒေါ်မာလာခိုင်၊ ကလေးသူငယ် မိခင်တစ်ဦးဖြစ်သည့် ဒေါ်တင့်တင့်ဝင်းနှင့် လူငယ် မောင်မင်းချစ်သူ တို့မှ ကိုဗစ်-၁၉ ကာလအတွင်း မိဘများနှင့် ကလေးသူငယ်များအကြား ပြောဆိုဆက်ဆံရာတွင် ဖြစ်ပေါ် တက်သည့် အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)