နယ်ရုံးများ၏သတင်းများ

Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဝေါလ်ဗွီးရှင်း(World Vision Myanmar) အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်တွင်းရှိ ကျေးရွာအချို့မှ ပြည်သူ(၃၂)ဦးအား ဩဂုတ်(၂၇) ရက်နေ့တွင် မိတ္ထီလာမြို့သို့ ယာဉ်မောင်းသင်တန်း စေလွှတ်ခဲ့ပြီး ၎င်းတို့နေရပ် ဘိုကလေးမြို့ သို့ ပြန်လာချိန် ယမန်နေ့တွင် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၌ အသွားအလာ ကန့်သတ်(Facility Quarantine) ထားရှိခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော် အစိုးရက ငါးမွေးတောင်သူများအား ပထမအကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ်-၁၁၅၅ တည်းခိုခဲ့သော ဟိုတယ်ဟူးကောင်း အား စက်တင်ဘာ (၆)ရက်မှစ၍ အဝင်/အထွက် ကန့်သတ် Lock Down ပြုလုပ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဘိုကလေးမြို့ပေါ်ရပ်ကွက်(၁၀)ခုရှိ မသန်စွမ်းသူ(၁၅၆)ဦးအား ယနေ့ နံနက်(၉)နာရီ၌ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် လိုက်လံထောက်ပံ့ ပေးအပ် ကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည် ကုစားပေးသည့် အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြူတောအင်းကျေးရွာတွင် စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းချောင်း ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှင့် ခရီသွားပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ဇလွန်မြို့ အဝင်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။