ရွာသစ် နို၀င်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော တောင်သူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဦးရယ်က ရွာသစ်မြို့၏ တည်နေရာ အကျယ်အ၀န်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် မိုးရေချိန်လက်မ အကြောင်း၊ စိုက်ဧကအကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုးရေးအကြောင်း၊ မျိုးစေ့လိုအပ်ချက်များအား ဌာနနှင့် အကျိုး ဆောင်တောင်သူ ပူးပေါင်းပြီး မျိုးစေ့များကို မကွေးမြို့သို့ ပို့ဆောင်ပြီး သန့်စင်မှာ ဖြစ်ကြောင်း၊ မျိုးစေ့များ သန့်စင်ပြီး တောင်သူဦးကြီးများထံ အချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အတွက်ကိုလည်း စီစဉ် ဆောင်ရွက်ထားကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးရေးစနစ် စိုက်ပျိုး ထားသော တောင်သူအား စံပြကွက် တောင်သူအဖြစ် ရွေးချယ်သွားမည် ဖြစ်ပါကြောင်း စသည်အားဖြင့် အကျယ်တ၀န့် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အသိပညာပေး လုပ်ငန်းများ ဖြစ်သော လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုတားဆီးကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူလူထုသို့ အသိပညာပေးလိုသည့် အခြားအကြောင်းအရာများကို လူစုလူဝေးဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Online မှ တဆင့် ရိုက်ကူ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)