မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို Online မှ ဆောင်ရွက်

မိုးညို  နိုဝင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စာဖတ်ပရိသတ်များ၊ ကလေးငယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတ ရစေရန်ရည်ရွယ်ပြီး Online မှ အပတ်စဉ် အစီအစဉ်ကောင်းများကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ပုံပြောခြင်း အစီအစဉ်(၂၆)ကြိမ်၊ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူခေါက်ခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ Talk Show အစရှိသည့် အစီအစဉ်များကို ထုတ်လွှင့်ပေးလျက် ရှိသည်။

ယနေ့မှာတော့ စာရေးဆရာ ကြည်လွင့်မြင့်(မုဒြာ)ရဲ့ ဆီးချို၊ သွေးချိုရောဂါအစ အအေး ကြိုက်ခြင်းကနှင့် ကျန်းမာအောင် နေထိုင်နည်းများ စာအုပ်ဖြင့် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အေးအေးဟန်က မိတ်ဆက်တင်ပြပေးခဲ့သည်။ မိုးညိုမြို့နယ်အနေဖြင့် Online မှ အသိပညာ ပေးခြင်းလုပ်ငန်းများကို မိုးညိုမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် IPRD Monyo Facebook တို့တွင် ဖော်ပြပေးလျက်ရှိပြီး ဒေသတွင်းလှုပ်ရှားမှု သတင်းများ၊ ပြည်သူများသိသင့် သိထိုက်သော သတင်းမှန်များကို ထပ်ဆင့်ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(မိုးညို)