ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒေးဒရဲ  နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီ တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်အတွင်း ဝင်ရောက်လာသူများ မိမိလာရောက်ရာဒေသမှ ထောက်ခံစာယူဆောင်လာစေရန်၊ တိုင်းဒေသကြီးပြင်ပ Stay at Home သတ်မှတ်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များမှ ဝင်ရောက်လာသူများအား Facility Quarantine ၁၄ရက်နှင့် Home Quarantine ၇ ရက်ထားရှိရေး၊ Facility Quarantine ၁၄ရက် ထားရှိရာ၌ သတ်မှတ်ထားသည့် FQ Centre များတွင်သာ ထားရှိစေရေးနှင့် နေအိမ်များတွင် ထားရှိခြင်း မပြုရန်၊ မိမိနေရပ်ဒေသသို့ ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း မှန်ကန်စွာ မပြောကြားဘဲ၊ သွားရောက်ရာ ဒေသအား မမှန်မကန်ဖြေကြားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားရန် ကိစ္စများနှင့် ပတ်သက်၍ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက အပြန်အလှန် ပြန်လည် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)