ကျုံပျော်မြို့မဈေးအတွင်းရှိ စျေးရောင်း ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကျုံပျော် ​နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်၍ ဈေးရောင်း ဈေးဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး၊ ဈေးရောင်းသူများတွင် Mask မတပ်ဆင်ပါက ဒဏ်ကြေး သတ်မှတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ဈေးအတွင်း စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ‌ ဈေးများအားလုံးတွင် အခြေခံစားသောက်ကုန်များကိုသာ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ရောင်းချခွင့်ပြုထားကာ အခြားဈေးဆိုင်များကို ရက်ကန့်သတ်၍ ပိတ်သိမ်းထားကြောင်း သိရသည်။

နေဝင်းမြင့်(ကျုံပျော်)